e diel, 14 nëntor 2010

၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်အရွေးခံခြင်းသည် နိုင်ငံရေးအရ တိုးတက်သည့် လက္ခဏာဟု ဒေါ်အောင်ဆန်းစုကြည် ရှုမြင်

The Voice Weekly


မြန်မာနိုင်ငံ၏ သမိုင်းဝင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်အရွေးခံခြင်းသည် နိုင်ငံရေးအရ တိုးတက်သော လက္ခဏာဟု အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Voice Weekly ၏ တိုက်ရိုက်မေးမြန်းမှုကို မကြာခင် မိနစ်ပိုင်းအတွင်းက ဖြေကြားခဲ့သည်။

ရွှေဂုံတိုင် NLD ရုံးချုပ်တွင် သောင်းနှင့်ချီသော လူထု ပရိသတ်ကြီးကို ၅၂ မိနစ်ခန့်ကြာ နှုတ်ခွန်းဆက်စကား ပြောကြားအပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က The Voice Weekly သို့ ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" ဒါဟာ နိုင်ငံရေးအရ တိုးတက်တဲ့ လက္ခဏာပါ၊ အခုလို အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်တဲ့ ကဏ္ဍမှာပါတာ၊ စိတ်ဝင်စားတာဟာ တိုးတက်တဲ့ ကိစ္စပါ၊ အခြားကဏ္ဍတွေမှာလည်း ပါလာဖို့ တိုးတက်ဖို့ လိုတယ်၊ ဒီထက်ပိုပြီး အမျိုးသမီးတွေရဲ့ အရည်အချင်းတွေ တိုးတက်ဖို့ လုပ်ရပါမယ်၊ အရည်အချင်း ရှိမရှိ သိဖို့ ဆိုတာကလည်း အရည်အချင်းပြဖို့ အခွင့်အရေးရှိမှ ရမှာမို့ အားလုံးကြိုးစားမှ ရမှာပါဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ တစ်နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမီဒီယာများတွင် လုပ်ကိုင်နေသော သတင်းထောက် ၂၀၀ နီးပါ တက်ရောက် သတင်းယူခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်က လူငယ် ပြည်တွင်းသတင်းထောက်များ၏ မေးခွန်းများကို စိတ်ဝင်တစား အလေးအနက်ထား၍ ပြန်လည် ဖြေကြားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

မကြာခင်က ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ထင်ရှားသော နိုင်ငံရေးသမားကြီးများ၏ သမီး သုံးဦးအပါအဝင် လွှတ်တော်သုံးရပ် စလုံးတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ရာဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်၊ ဒေါ်တင်နွယ်ဦးတို့ ရွေးချယ်ခံရကြောင်း သိရှိရသည်။

Nuk ka komente: