e diel, 14 nëntor 2010

NLD တရားဝင် ဆက်လက် ရပ်တည်ရေး ဥပဒေကြောင်း အရ ဆောင်ရွက်သွားမည်ဟု ဒေါ်စုပြောကြား

The Voice Weekly

၂ဝ၁၀ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြန်လည် မှတ်ပုံတင်ခြင်း မရှိသောကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းကြောင်း တည်ဆဲအစိုးရက ကြေညာထား သော်လည်း NLD ဆက်လက်တည်ရှိနိုင်ရေးအတွက် တရားဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက် ရန်ကုန်မြို့ ရွေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် The Voice Weekly သတင်းထောက်၏ မေးမြန်းချက်ကို ၄င်းက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

NLD ဖျက်သိမ်းကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည့်နောက် NLD သည် ပြည်သူ့ရင်ထဲတွင် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။ "ကျွန်မတို့က NLD ပါတီ ရှင်သန်ရေးအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး၊ ပြည်သူလူထုအတွက် နိုင်ငံရေး ဆက်လုပ်သွားမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Nuk ka komente: